လ - အောက်တိုဘာ 2014

ခိုလံႈရာ

မလေးရှားနိုင်ငံ ကလန်ဒေသရှိ ဘုရားကျောင်းတစ်ခုသို့ ၀င်ရောက်ခဲ့စဉ်က “ဝန်လေးပင်ပန်းသူများအတွက် ခိုလှုံရာ” ဟူ၍ ကြိုဆိုနေသော ဆိုင်းဘုတ်ကို ကျွန်တော် မြင်တွေ့ ရ၍ စိတ်ဝင်စားမိသွားသည်။
ကိုယ်တော်၏ အသင်းတော်သည် ဝန်များကို ပေါ့ပါးစေပြီး ပင်ပန်းသူများ နားခိုရာ ရှာတွေ့ခြင်းက ခရစ်တော်၏နှလုံးသားကို အခြား အရာများထက် အကောင်းဆုံး ထင်ဟပ်ဖော်ပြ နေသည်။ ယေရှုကမ္ဘာပေါ် အမှုတော်ဆောင်စဉ်က ဤအချက် အရေးပါပါသည်။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်က “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”ဟု မိန့်တော်မူထားသည် မဟုတ်ပါလား(မ ၁၁း၂၈)။
ယေရှုက ကျွန်ုပ်တို့၏ဝန်ထုပ်ကို ယူဆောင်ပြီး ပေါ့ပါးသောသူ့ဝန်နှင့် လဲလှယ်ပေးမည်ဟု ကတိပေးခဲ့သည်။ “ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့။ ငါ့ထံ၌ နည်းခံ
ကြလော့။ ငါ၌ နူးညံ့သိမ့်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား…

ပြောင်းလဲရန် တန်ခိုး

ပညာရေးဆိုင်ရာပုဂ္ဂိုလ်နှင့် အရောင်း ရဆုံး စာရေးဆရာ တိုနီ ဝဂ္ဂနာ သည် ကမ္ဘာလောက၏
တွေးပုံတွေးနည်းနှင့်ကျင့်ကြံပုံများကို ပြောင်းလဲစေ သော “ကဖျက်ယဖျက်ဆန်သည့် ဆန်းသစ် တီထွင်မှု
အယူအဆ”ကို ခိုင်မာစွာ ယုံကြည်လက်ခံသူဖြစ် သည်။ “ပြောင်းလဲဆန်းသစ်မှုဖော်ဆောင်မည့်သူ
များကို ဖန်တီးခြင်း - ကမ္ဘာကြီးကို ပြောင်းလဲစေမည့်
လူငယ်များကို မွေးထုတ်ခြင်း” ဟူသည့်စာအုပ်တွင် “လူသားများ၏ ကြိုးစားအားထုတ်မှု ကဏ္ဍတိုင်း၌ ဆန်းသစ်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ …
မှန်ကန်သောပတ်ဝန်းကျင်နှင့် မှန်ကန်သော အခွင့်အလမ်းများပေးလျှင် လူအများစုက ပို၍ တီထွင်ဖန်တီးနိုင်ပြီး ပို၍ပြောင်းလဲမှုများကို ဖြစ်စေ နိုင်သည်”ဟုရေးသား ထားသည်။
ရှင်ပေါလုသည် ပထမရာစုနှစ်၏ ဆန်းသစ်တီထွင်သူဖြစ်ပြီး အာရှမိုင်းနားဒေသ တစ်လျှောက်သွားလာကာ ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့် လူတို့မည်သို့ပြောင်းလဲနိုင် ကြောင်း ပြောပြခဲ့သည်။ ရောမမြို့ရှိ ခရစ်ယာန်များထံသို့ “လောက၏သဘောထားနှင့် ထုံးစံများနောက်သို့ မလိုက်မပါ၊ အတုမယူဘဲ မိမိ၏အတွေးအခေါ်များပြောင်းလဲကာ…

ခါးလှည့်ကွင်းမှရသော သင်ခန်းစာ

ကလေးဘဝက ကျွန်မအနှစ်သက်ဆုံး ကစားစရာဖြစ်သည့် ခါးလှည့်ကွင်း (hula hoop)သည် တစ်ခေတ်ပြန်ထနေသည်။ ကျွန်မနှင့် သူငယ်ချင်း စူစီတို့မှာ အိမ်ရှေ့မြက်ခင်းပြင်၌ နာရီပေါင်းများစွာ လေ့ကျင့်ပြီး ခါးမှမပြုတ်ကျ အောင် မည်သူကြာကြာလှည့်နိုင်မည်ကို ပြိုင်ကြ သည်။ ယခုနှစ်၌ ကလေးဘဝက ခံစားမှုကို ပြန်လည် ခံစားခဲ့ရသည်။ ပန်းခြံတစ်ခု၌ထိုင်နေစဉ် အရွယ်စုံကလေးများ ခါးလှည့်ကွင်းကို မြေပေါ် မကျအောင် အပြင်းအထန် ကြိုးစားလှည့်နေကြ သည်ကို မြင်တွေ့ရသည်။ အားကုန်သုံးပြီး ခါးလှည့်ကွင်းလှည့်နေကြသော်လည်း၊ ၎င်းတို့၏ ကြိုးပမ်းမှုက အရာမထင်၊ ခါးလှည့်ကွင်းက ပြုတ်ကျ
သွားသည်။ သို့နှင့် မိန်းမငယ်တစ်ဦးက ခါးလှည့်ကွင်း
တစ်ခုကိုကောက်ပြီး ခန္ဓာကိုယ်ကို သိပ်မလှုပ်ဘဲ ဖြည်းညင်းစွာ၊ စည်းချက်ညီစွာဖြင့် ခါးလှည့်ကွင်းကို ခါးမှပခုံး၊ ပခုံးမှခါးသို့ ဆင်းလိုက်တက်လိုက်လှည့်ပြသည်။ ဤသို့ ပြုတ်မကျအောင်လှည့်နိုင်ခြင်းမှာ အားကုန်သုံးပြီး လှုပ်ရှားမှုကြောင့်မဟုတ်ဘဲ နည်းမှန် စနစ်မှန်ဖြင့် လှုပ်ရှားခြင်းကြောင့်သာဖြစ်သည်။
ကျွန်မတို့၏ဝိညာဉ်ရေးရာအသက်တာများ၌လည်း…

သင်ဘာမျှော်လင့်သလဲ

ဆရာကြီး စီအက်စ် လူးဝစ်၏ God in the Dock စာအုပ်တွင် “ အဆောက်အအုံ
တစ်ခုတည်း၌ လူတစ်စု အတူနေထိုင်ကြသည်ဟု
မြင်ယောင်ကြည့်ပါ။ လူတစ်ဝက်က ၎င်းကို ဟိုတယ်
ဟုတွေးပြီး၊ ကျန်တစ်ဝက်က အကျဉ်းထောင် အဖြစ် မြင်သည်။ ဟိုတယ်အဖြစ် မြင်သူများက ၎င်းသည် မခံရပ်နိုင်လောက်အောင် နုံချာသောနေရာဟု
မြင်သည်။ အကျဉ်းထောင်ဟုမြင်သူများက ထိုနေရာ
ကို အံ့သြဖွယ်ကောင်းလောက်အောင် ဇိမ်ကျသည့်
နေရာဟုသတ်မှတ် ကြလိမ့်မည်” ဟုရေးသားထား
သည်။ ဟိုတယ်နှင့်အကျဉ်းထောင်၏ မတူညီမှုကို
ဥပမာပေးပြီး၊ ကျွန်ုပ်တို့သည် မိမိမျှော်လင့်ထား သောအရာပေါ်မူတည်ပြီး လူ့ဘဝကို ရှုမြင်တတ်
ကြောင်း သရုပ်ဖော်ရှင်းပြခဲ့သည်။ “ဤလောကကို ကျွန်ုပ်တို့အား ပျော်ရွှင်မှုပေးသောနေရာအဖြစ်မျှသာ မျှော်လင့်ထားပါက မခံရပ်နိုင် လောက်သောနေရာအဖြစ် သင်မြင်မည်။ တစ်ဖန် ၎င်းကို လေ့ကျင်းရေးကျောင်း (သို့) အမှားများကို ပြုပြင်ပေးသောနေရာအဖြစ်ရှုမြင်ပါက…

ဘုရားသခင်အား စောင့်စားခြင်း သင်ခန်းစာ

အသက် (၆၉) နှစ်အရွယ် ကိုးရီးယား အမျိုးသမီးကြီး ချာဆာဆွန်းသည် အဆုံး၌ ယာဉ်မောင်းသင်တန်း ရေးဖြေစာမေးပွဲကို သုံးနှစ်မျှ ကြိုးစားဖြေဆိုအောင်မြင်ပြီး၊ ယာဉ်မောင်းလိုင်စင် ရရှိခဲ့သည်။ သူ့မြေးများကို တိရိစ္ဆာန်ရုံသို့ ပို့ပေးလို သောကြောင့် ထိုလိုင်စင်ကို ရရှိလိုခြင်း ဖြစ်သည်။
အရာခပ်သိမ်း တစ်မုဟုတ်ချင်းအတွင်း ရနိုင်သောခေတ်တွင် သူရလိုသည့်အရာကိုမရမနေ သူကြိုးစားရယူခဲ့သည်။ တစ်ခုခုကို လိုချင်ပြီး မရနိုင်ပါက ကျွန်ုပ်တို့စောဒကတက်ပြီး အတင်း တောင်းယူတတ်သည်။ အခြားအချိန်များတွင် မြန်မြန်မရနိုင်ပါက လျစ်လျူရှု လက်လျှော့တတ် သည်။ “စောင့်” ဟူသည့်စကားကို ကျွန်ုပ်တို့ မကြားလို၊ အမုန်းဆုံးဖြစ်သည့်တိုင် မှန်သောအချိန် ဖြစ်အောင် သူ့ကိုစောင့်ရန် ဘုရားအလိုရှိကြောင်း ကျမ်းစာ၌ အကြိမ်ကြိမ်ဖော်ပြထား၏။
ဘုရားသခင်ကို စောင့်စားခြင်းဆိုသည်မှာ မိမိလိုအပ်သောအရာရရန် သည်းခံလျက် ဘုရားထံမျှော်ကြည့်ခြင်းဖြစ်သည်။ ဘာ့ကြောင့် ဘုရားသခင်ကိုစောင့်ရန် လိုသည်ကို ဒါဝိဒ်သိသည်။ ပထမအချက်အနေဖြင့် သူ၏ကယ်တင်ခြင်းသည် ဘုရားသခင် ထံမှလာသည်…

အလံလွှင့်ထူပါ

ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးသည် ဗြိတိသျှအင်ပါယာတစ်ခုလုံးကို နှစ်ပေါင်း ၆၀ ကျော် စိုးစံခဲ့သည်။ သူစိုးစံသော ကာလသည် ဘုန်းအသရေရှိသည်၊ အဆင့်အတန်း ရှိသည်ဟု မှတ်ကျောက်တင်ခံရသည်။ သူ့ နိုင်ငံသားများအတွက် ကောင်းစွာအစေခံလျက် ကြိုးစားအားထုတ်ကာ သူ့ဘဝကို ပေးဆပ်ခဲ့ခြင်း ကြောင့် ပြည်သူတို့၏နက်ရှိုင်းစွာ နှစ်သက်ချစ်ခင်မှု နှင့်အထူးလေးစားမှုကို ပြန်ခံစားခဲ့ရသည်။
ထို့ကြောင့် ဘာကင်ဟမ် နန်းတော်၌ အလံ လွှင့်ထူထားခြင်း၏အရေးပါမှုကို သင်နားလည်မည်
ဖြစ်သည်။ ထိုသို့ အလံလွှင့်ထူထားပါက ဘုရင်မကြီးသည် လန်ဒန်မြို့ကြီး၏ပြည်သူကြား နန်းစံနေသည့် အဓိပ္ပာယ်ပင်။ ဘုရင်မကြီးသည် သူ့ပြည်သူတို့နှင့်အတူရှိနေကြောင်းကို အလံတော်က အများပြည်သူတို့အား ထုတ်ပြန်ကြေညာနေသည်။
ထိုအကြောင်းကိုစဉ်းစားရင်း `ကျွန်ုပ်တို့ကိုမစွန့်၊ အလျှင်းပစ်၍မထားသော´ (ဟေဗြဲ ၁၃း၅) ဘုရင်မင်းယေရှုသည် ကျွန်ုပ်တို့နှလုံးသားထဲ နန်းစိုက်တည်နေသည်ဟု ခံစားရသည်။ ၎င်းကို ကျွန်ုပ်တို့ကိုယ်တိုင်ခံစားရခြင်းက အလွန်ဝမ်းမြောက်စရာပင် ဖြစ်ငြားလည်း ကျွန်ုပ်တို့၏အသက်ရှင်မှုပေါ်မူတည်ပြီး ဘုရားသခင်တည်ရှိကြောင်းကို မိမိအနီးဝန်းကျင်မှ သိမှတ်ကြပါမည်လားဟု…

သစ္စာရှိသော မစသူ

ကျွန်မ၏ဖခင်သည် ငယ်စဉ်က သူကြီးပြင်းခဲ့ရသည့် ယာတော၌ ဆာလောင် နေသည့် ဝက်များအတွက် ဝက်စာများသယ်လာပြီး ကျွေးရသည်။ ဤအလုပ်ကို သူမနှစ်မြို့ပါ။ ဝက်ခြံထဲ
ဝင်လိုက်သည်နှင့် ဝက်များက သူလဲကျအောင် သူ့ကို တိုးတိုက်သည်။ သူ့နောက်သစ္စာရှိစွာ လိုက်ပါကူညီပေးသည့် ရှုးဂါးဘယ် ခေါ် ဂျာမန် သိုးထိန်းခွေးသာမရှိလျှင် ဤအလုပ်ကို အဖေ လုပ်နိုင်မည် မထင်ပါ။ အဖေ ဝက်စာများ လောင်းချ
ပြီးသည်အထိ သူက အဖေနှင့်ဝက်များကြား နေရာယူပြီး ဝက်များကို တားထားပေးသည်။
ပရောဖက် ယေရမိသည်လည်း ဣသရေလလူတို့အား ဘုရားသခင်၏စကားတော်ကို ကြားပြောရသည့် ခက်ခဲသော အလုပ်ကိုလုပ်ရသည်။ ဤအလုပ်ကြောင့် ခန္ဓာညှင်းပန်းနှိပ်စက်ခြင်း၊ နှုတ်ဖြင့် ထိုးနှက်ခြင်း၊
အကျဉ်းကျချုပ်နှောင်ခံရခြင်း၊ အထီးကျန်ခြင်း စသည့်ဒဏ်များကို ကြံ့ကြံ့ခံသည်။ ယေရမိသည် ထိုသို့ စိတ်ပျက်စရာများနှင့် ရုန်းကန်နေရသော်လည်း အခက်အခဲများ တစ်လျှောက် သူ့ကိုကူညီမစသူတစ်ဦးရှိခဲ့သည်။ “သင့်ကို ကယ်နုတ်ခြင်းငှာ…

ပန်းရောင်သိုးများ

စကော့တလန်နိုင်ငံရှိ ဂလပ်စကို မြို့မှ အီဒင်ဘတ် မြို့သို့ခရီးထွက်စဉ် ကျေးလက် ဒေသ၏သာယာဖွယ်ရှုခင်းကို နှစ်သက်ခံစားရင်းမှ အလွန် ရယ်စရာကောင်းသောမြင်ကွင်းက ကျွန်ုပ် အာရုံကို ဖမ်းစားခဲ့သည်။ တောင်ကုန်းငယ် တစ်ခုထိပ်၌ ပန်းရောင်သိုးအုပ်ကြီးတစ်အုပ်ကို မြင်လိုက်ရခြင်းကြောင့်ပါ။
သိုးပိုင်ရှင်များက သိုးများကို စပရေး မှုတ်ဆေးဖြင့်ခြယ်၍ အမှတ်အသားပြုကြကြောင်း ကို ကျွန်တော်သိပါသည်။ သို့သော် ဤသိုးများက အင်မတန်သိသာ ထင်ရှားလွန်းနေသည်။ ပိုင်ရှင်က
သိုးတစ်ကိုယ်လုံးပန်းရောင်ဖြစ်အောင် ဆေးမှုတ် ထားခြင်းဖြစ်သည်။ လူတိုင်းက ထိုသိုးများကို မည်သူပိုင်သည်ကို တန်းသိကြသည်။
ကျမ်းစာထဲတွင်လည်း ခရစ်တော်နောက်လိုက်များကို သိုးများဟုခေါ်ဆိုပြီး၊ သူတို့၌ ပြိုင်စံရှား သိသာထင်ရှားသော အမှတ်အသားများရှိသည်။ ခရစ်တော် နောက်လိုက်
တစ်ဦး၏ဘ၀တွင် မည်သည့်အရာက “ပန်းရောင်အမှတ်အသား” ဖြစ်မည်နည်း။ တစ်စုံ တစ်ယောက်ကို သခင်ယေရှု ပိုင်ဆိုင်သောသူဟု မည်သို့သိရှိနိုင်မည်နည်း။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ကောင်းသောသိုးထိန်းကြီးဖြစ်သော ယေရှုက ချစ်ခြင်းမေတ္တာသည် သိသာထင်ရှားသော အမှတ်လက္ခဏာဖြစ်ကြောင်း…

တစ်ခါသုံး အလေ့အထ

တစ်ခါသုံးအလေ့အထတွင် ကျွန်ုပ်တို့ ပို၍ပို၍ ကျင်လည်နေကြသည်။ တစ်မိနစ်ခန့် အချိန်ယူကာ တစ်ခါသုံးပြီး လွှင့်ပစ်ရသည့်ပစ္စည်း များကို စဉ်းစားကြည့်ပါ။ “တစ်ခါသုံး မုတ်ဆိတ် ရိတ်တံ၊ ရေဘူး၊ မီးခြစ်၊ စက္ကူပန်းကန်၊ ပလတ်စတစ် ဇွန်းခက်ရင်း” ထိုပစ္စည်းများကို သုံးပြီးလျှင် လွှင့်ပစ် သည်။ တစ်ဖန် ပစ္စည်းအသစ်နှင့် အစားထိုးသည်။
ထိုသို့ တစ်ခဏတာ အသုံးပြုခြင်း သဘောက ပို၍ အဓိပ္ပါယ်ရှိသောအရာများကိုလည်း ထင်ဟပ်ဖော်ပြနေသည်။ ပေါင်းသင်းဆက်ဆံမှု၌ ဝန်ခံကတိကဝတ်ပြုခြင်း၊ ဆက်ကပ်အပ်နှံခြင်းကို ရွေးချယ်စရာတစ်ခုအဖြစ်သာ ရှုမြင်လာကြသည်။ အိမ်ထောင်များမပြိုကွဲဘဲ ခိုင်မြဲအောင်ရုန်းကန် နေရသည်။ နှစ်ရှည်လများလုပ်ကိုင်ခဲ့သောအလုပ်သမားများကိုလည်း ပင်စင်မယူမီလေး
(ခံစားခွင့်မပေးရအောင်) ပိုမိုသက်သာသောသူများနှင့်အစားထိုးရန် အလုပ်မှထုတ်ပစ် သည်။ အလွန်လေးစားခံရသည့်အားကစားသမားကလည်း မိမိအသင်းကို စွန့်ခွာ၍ အခြား အသင်းသို့ ပြောင်းသွားသည်။ ဘယ်အရာမှ မတည်မြဲသကဲ့သို့ ထင်ရပါသည်။
သို့သော် မပြောင်းလဲသော ဘုရားသခင်က သူ့မေတ္တာကရုဏာသည် အစဉ်အမြဲတည်ကြောင်း…

ထိုးဖောက်ဝင်ရောက်လာသော အလင်း

ကိုလိုရာဒို စပရင်း ဒေသမှ ပန်းချီဆရာ ဘော့ဆင်းပိခ်ျ ရေးဆွဲသော A Trail of Light” “အလင်းတန်း” ပန်းချီကားတွင် မိုးရာသီ နေရောင်ခြည်ကြောင့် ရွှေဝါရောင်သစ်ရွက်များနှင့် အက်စပင် (aspen) သစ်တောအုပ်ကို ရေးဆွဲ ထားသည်။ ထိပ်ပိုင်းရှိ သစ်ရွက်များက ရွှေဝါရောင် ပြိုးပြိုးပြက်ပြက် လှပနေချိန်တွင် အပင်ခြေရင်းပိုင်း များတွင် နေရောင်နှင့်အရိပ်တို့ ရောယှက်နေသည်။ ပန်းချီဆရာက ဤခြားနားမှုနှင့် စပ်လျဉ်း၍ “သစ်တောအုပ်ခြေရင်းထိ ထိုးဖောက်ဝင်ရောက် လာတဲ့ အလင်းတန်းကို မခံစားဘဲမနေနိုင်ပါ။ ထူးဆန်းစွာ စီရင်ထားတဲ့ အံ့ဖွယ်ရာပဲ” ဟုဆိုသည်။
တမန်တော်ရှင်ပေါလုသည် ကောရိနသု အသင်းသားများထံ “မှောင်မိုက်ထဲက အလင်း ထွန်းလင်းမည်အကြောင်း မိန့်တော်မူသော ဘုရား သခင်သည် ယေရှုခရစ်၏မျက်နှာ၌ ထွန်းလင်း သော
ဘုရားသခင်၏ဘုန်းတော်ကိုသိသော ဉာဏ်၏အရောင်ကိုပေးလိုသောငှာ ငါတို့ စိတ်နှလုံး
ထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏”…